Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

နောက်ခံသမိုင်း

home_img
DAR-Office
  • ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၌ အင်းစိန် မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေးသုတေသန ဗိမာန် အမည်ဖြင့် စတင်တည်ထောင်ခဲ့ပါ သည်။
  • ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန့်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ဌာနခွဲ တစ်ခုအဖြစ် ထားရှိရာမှ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၇) ရက် နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အဖြစ် သီးခြားဖွဲ့စည်းခဲ့ ပါသည်။
  • ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ မှစ၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဦးစီး ဌာန ဖြစ်လာခဲ့ပါသည်။
  • ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေး သုတေသနဗိမာန်အား ဌာနခွဲ (၅)ခု-(၁) အုပ်ချုပ်ရေးဌာနခွဲ၊ (၂) စိုက်ပျိုးရေးဌာနခွဲ၊ (၃) စိုက်ပျိုးရေးဓာတုဗေဒ ဌာနခွဲ၊ (၄) ပိုးမွှား ဌာနခွဲနှင့် (၅) အပင်ရောဂါ ဌာနခွဲ တို့ဖြင့် အရာ ထမ်း (၁၆) ဦးနှင့် အမှုထမ်း (၉၉)ဦးတို့ပါဝင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
  • ဆန်စပါး သုတေသနလုပ်ငန်းများကို သီးနှံဌာန စိတ်မှ ပြည်တွင်း ပြည်ပ စပါးမျိုးများ ယှဉ်ပြိုင်ခြင်းနှင့် စိုက်ပျိုး နည်းစနစ်ဆိုင်ရာစမ်းသပ်မှု များကိုလည်းကောင်း၊ ရုက္ခ ဗေဒဌာနစိတ်မှ စပါး မျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။
  • ရာကျော်-၁၊ ရာကျော်-၂ နှင့် စီ၄-၆၃ စပါးမျိုးများသည် ထိုကာလ၏ သုတေသနရလာဒ် ပင် ဖြစ်သည်။
  • စပါးသီးနှံများကိုသာ ဆောင်ရွက်နိုင်ခဲ့ရာမှ ယာသီးနှံအပါအဝင် သီးနှံစုံသုတေသန လုပ်ငန်း များကို လည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနား မြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • ဆန်စပါးသုတေသနလုပ်ငန်းများမှာ မျိုးကူးစပ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များစမ်းသပ်ခြင်း၊ ပြည်တွင်း စပါးမျိုးများစုဆောင်းခြင်း နှင့် အခြေခံမျိုးအဆင့် (၁) ပွားများခြင်း လုပ်ငန်းများ ပါဝင် ပါသည်။
  • ၁၉၇၀ ခုနှစ်ခန့်တွင် ကြို့ကုန်းတွင်မျိုးစပ်၍ရရှိခဲ့သော သားစပ်လိုင်းများကို ဆက်လက် ရွေးချယ် မှုများပြုလုပ်ခဲ့ရာ ရွှေဝါထွန်းနှင့် စိန်တလေးစပါးမျိုးရရှိခဲ့ပြီး စတင်ထုတ်ဝေ နိုင်ခဲ့ ပါသည်။
  • မျိုးစေ့ဘဏ် မတည်ထောင်မီ စုဆောင်းခဲ့သော ပြည်တွင်းမျိုးများအား နှစ်စဉ်ကွင်းတွင် ထိန်းသိမ်းခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် မျိုးစေ့ဘဏ်သို့ လွဲပြောင်းပေးခဲ့ပါသည်။

မျှော်မှန်းချက်

  • စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် အထောက်အကူပြုသည့် အဆင့်မြင့်သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဟာရပြည့်ဝစေမည့် သီးနှံမျိုးများနှင့် စိုက်ပျိုး နည်းစနစ်များကို စွန့်ဦးတီထွင် ဆောင်ရွက်သွားရန်။

တာ၀န်

  • စပါးနှင့် အခြားနှံစားသီးနှံများ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • စက်မှုကုန်ကြမ်း၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • မြေဆီလွှာ နှင့် ရေအသုံးချရေး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • လယ်ယာသုံးစက် နှင့် ကိရိယာများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • သီးနှံစိုက်စနစ်များနှင့်လယ်ယာစီးပွားဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • ဇီဝနည်းပညာရပ်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • မျိုးစေ့ဘဏ်ရှိ မျိုးဗီဇကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
  • သီးနှံပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်။

ရည်ရွယ်ချက်

  • အထွက်ကောင်း၍ အရည်အသွေးမြင့်မားသော မျိုးသစ်များမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးရန်။
  • သီးနှံအလိုက်၊ ဒေသအလိုက်အကျိုးအမြတ်အများဆုံးရရှိမည့် စိုက်ပျိုး နည်းစနစ်များနှင့် သီးနှံပုံစံ များကို သုတေသနပြုဖော်ထုတ်ရန်နှင့် သုတေသနပြုလုပ်ရရှိလာသောမျိုးများနှင့် နည်းပညာများကို စိုက်ပျိုး သူများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်။
  • ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် လိုက်လျော ညီထွေရှိမည့် မျိုး၊ စိုက်စနစ်များနှင့် သီးနှံပုံစံများ သုတေသနပြုဖော်ထုတ်ရန်။
  • အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများနှင့် အပင်ဇီဝနည်းပညာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ရန်။
  • တောင်သူလယ်သမား ရုပ်သံလိုင်း (Farmer Channel) ရိုက်ကူး ထုတ်လွှင့်မှုအတွက် လိုအပ်ချက်များ တိုးချဲ့ဆောင်ရွက်ရန်။
home_img
DAR-Office

တည်နေရာ

ပျဉ်းမနားမြို့၏ မြောက်ဘက် (၁၂) မိုင်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ်၊ ၁ စက္ကန့်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၇ စက္ကန့်၊ ရန်ကုန် မန္တလေးကားလမ်း၏ အရှေ့ဘက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၉၇ မီတာအမြင့်တွင် တည်ရှိပါသည်။

ရာသီဥတု

၂ဝ၁၈ ခုနှစ်အတွင်းစုစုပေါင်းမိုးရေချိန် ၃၇.၅၁ လက်မရွာသွန်းခဲ့ပြီး မိုးရွာရက်(၈ဝ) ရက်ရှိပါသည်။ မိုးရွာ သွန်းသောလမှာ(၈) လဖြစ်ပါသည်။ ယခင်နှစ် ၂ဝ၁၇ ခုနှစ်ထက် မိုးရွာရက် (၅) ရက်ပိုများသော်လည်း မိုးရေချိန် ၇.ဝ၇ လက်မပိုနည်းသွားခဲ့ပါသည်။

အကျယ်အဝန်း

ဧရိယာအကျယ်အဝန်းမှာ ၁၀၂၈ ဒဿမ ၈ ဧကဖြစ်ပြီး၊ စိုက်ပျိုးနိုင်သော ဧရိယာမှာ ၅၇၄ ဒဿမ ၅၁ ဧကဖြစ်ပြီး မစိုက်ပျိုးနိုင်သော ဧရိယာမှာ ၄၅၃ ဒဿမ ၇၇ ဧကဖြစ်ပါသည်။

ဌာနခွဲ နှင့် ဌာနစုများ

သီးနှံဗဟိုသုတေသနခြံ နှင့် နယ်ဒေသသုတေသနခြံများ

စဉ်ခြံအမည်အထူးပြုသီးနှံ
၂၅မယ်အောင်ကန်ခြံဆားငန်ခံစပါး