Want create site? Find Free WordPress Themes and plugins.

သီးနှံစိုက်ပျိုးရေးသုတေသနဌာနစု

စိုက်ပျိုးရေးဌာန တည်ထောင်ခဲ့သည့် ၁၉၀၁ ခုနှစ်ကတည်းက သီးနှံစိုက်ပျိုးရေးစနစ် သုတေသနလုပ်ငန်းများကို စတင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဗိမာန်ကို အင်းစိန် ကြို့ကုန်း၌ ဌာနစိတ် (၅) ခုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ရာ သီးနှံစိုက်ပျိုးရေးဌာနစိတ်သည် တစ်ခု အပါအဝင် ဖြစ်ပြီး  ၁၉၆၄ ခုနှစ်မှ စတင်၍ စပါးစိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်းများကို  ဆောင်ရွက်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ကြို့ကုန်းမှ ရေဆင်းသို့ စတင်ပြောင်းရွှေ့ပြီး ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းပုံအရ သီးနှံဌာနစိတ် (၇) ခုနှင့် အထောက်အကူပြု ဌာနစိတ် (၅) ခုရှိရာ သီးနှံစိုက်ပျိုးရေးဌာနစိတ်သည် အထောက်အကူပြု ဌာနစိတ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှစ၍ ဖိလစ်ပိုင် နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာနနှင့် ပူးပေါင်းကာ သီးထပ်သီးနှံပုံစံ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်းများကို ၁၉၈၁-၈၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြပါသည်။  ၂၀၀၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနကို  ဖွဲ့စည်းပြီးသည့်အခါ ဌာနခွဲ (၇) ခုရှိသည့် အနက် သီးနှံစိုက်ပျိုးရေးစနစ်နှင့် လယ်ယာစီးပွားသုတေသနဌာနခွဲ၏ သီးနှံစိုက်ပျိုးရေးစနစ်ဌာနစုအဖြစ် ရပ်တည်၍ သီးနှံစိုက်ပျိုးနည်းစနစ် သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ

သီးနှံစိုက်ပျိုးရေးစနစ်ဌာနစုသည် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် သုတေသနလုပ်ငန်း များကို ဆောင်ရွက်လျှက်ရှိပါသည်။

(၁)       အကျိုးအမြတ်အများဆုံးနှင့် မြေဆီလွှာထိန်းသိမ်းနိုင်မည့် သင့်တော်သည့် သီးနှံပုံစံများကိုရှာဖွေရန်

(၂)       ထုတ်ဝေပြီးစပါးမျိုးများနှင့် ထုတ်ဝေမည့် စပါးမျိုးများအတွက် စိုက်နည်းစနစ်များကိုဖော်ထုတ်ရန်

(၃)       စပါးသီးနှံအတွက် ပေါင်းနှိမ်နင်းနည်းစနစ်များကို လေ့လာရန်

(၄)       စပါးသီးနှံ (Seed Flow) အရ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်းခံလာသည့် ဆင့်ပွားမျိုးစေ့(Foundation Seed) နှင့် စိုက်ပျိုးသူတောင်သူများအတွက် မျိုးသန့်မျိုးစေ့များ စဉ်ဆက်မပြတ် ထုတ်လုပ်ရန်တို့ဖြစ်ပါသည်။

() သီးထပ်သီးနှံပုံစံသုတေသန

သီးထပ်သီးနှံပုံစံ သုတေသနလုပ်ငန်းတွင် အကျိုးအမြတ်အများဆုံးနှင့် မြေဆီလွှာ ဖွွံ့ဖြိုးနိုင်မှုရှိမည့် စပါးအခြေခံ သီးထပ်သီးနှံပုံစံ သုတေသနနှင့် ယာသီးနှံ အခြေခံ သီးထပ်သီးညှပ် သီးနှံပုံစံ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ လယ်ဝေး၊ သီးနှံစိုက်ပျိုးရေး စနစ်ဌာနစု နှင့် ရေဆင်းဒေသရှိ တောင်သူစိုက်ကွက်များတွင် စမ်းသပ်ခဲ့သော သုတေသန ရလဒ်များအရ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည့် သီးနှံပုံစံများနှင့် မြေဆီလွှာ အာဟာရကို ရေရှည် ထိန်းသိမ်းနိုင်မည့် သီးထပ်သီးနှံပုံစံများ ကို အောက်ပါအတိုင်း ဖော်ထုတ်ခဲ့ပါသည်။

(ခ) ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သုတေသန

ခေတ်မီလယ်ယာစနစ်သို့ ကူးပြောင်းရေးတွင် စက်များအသုံးပြုပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်း သည် အဓိကကျသော အခန်းကဏ္ဍဖြစ်ပါသည်။ ယခုလက်ရှိအခါတွင် စပါးကောက်စိုက်ရာ၌ လည်း ကောင်း၊ ရိတ်သိမ်းရာ၌လည်းကောင်း လုပ်သားရှားပါးမှု ြပဿနာကို ရင်ဆိုင်တွေ့ကြုံနေရပါသည်််။ တစ်ချိန်တည်းမှာပင် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးအတွက် လယ်ယာသုံး စက်ပစ္စည်းများကို ကျွမ်း ကျင်စွာ အသုံးပြုနိုင်ရေး၊ မိမိစိုက်ပျိုးမည့် သီးနှံနှင့် အသုံးပြုမည့် စက်အမျိုးအစားအလိုက် သင့်တော်သည့် စိုက်ရေးပျိုးရေးနည်းလမ်းများကို ရှာဖွေဖော်ထုတ်ရေး တို့သည် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများဖြစ်ပါသည်။

စပါးစိုက်တောင်သူများသည် ကောက်စိုက်လုပ်သားရှားပါးမှု ပြဿနာကြောင့် ပျိုးပင်များ အချိန်မှီမစိုက်ပျိုးနိုင်၍ ပျိုးသက်ကြီးခြင်းနှင့် ပျိုးပင်လေလွင့်ဆုံးရှုံးခြင်း စသည့်အကျိုးဆက်များကို ခံစားနေရပါသည်။ ၎င်းပြဿနာကို ဖြေရှင်းရန် ကောက်စိုက်စက်ကို မှန်ကန်၊ ကျွမ်းကျင်စွာ အသုံးချနိုင်ရန် လိုအပ်ပါသည်။ ကောက်စိုက်စက်ကို ၁၉၆၀ နှစ်များတွင် ဂျပန်နိုင်ငံ Kubota corp မှ စတင်တီထွင်ခဲ့ပြီး  ၁၉၇၀ နှင့် ၁၉၈၀ နှစ်များတွင် အရှေ့နှင့် တောင်အာရှနိုင်ငံများတွင်ပါ သုံးစွဲလာကြောင်း သိရှိရပါသည် (wikipedia)။ ယခုအခါတွင် ကောက်စိုက်စက်များကို ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းများမှာ တရုတ် (၁၅၀) သိန်း၊ (၈) တန်းစိုက် Kubota (၂၄၅) သိန်း ၊  (၆) တန်းစိုက် Kubota (၁၅၂) သိန်း ၊  တို့ဖြစ်ကြပါသည်။ စက်မောင်းသူ စီးနင်းလိုက်ပါနိုင်သည့် Riding Type နှင့် စက်မောင်းသူက လမ်းလျှောက်၍ မောင်းနှင်ရမည့် Walking Type ဟူ၍ ကောက်စိုက်စက် ပုံစံ (၂) မျိုးရှိပါသည်။

ကောက်စိုက်စက်အသုံးပြုခြင်း၏အားသာချက်များ

  • လုပ်အားသက်သာသဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှု ပြဿနာ ဖြေရှင်းနိုင်ခြင်း။ စိုက်တန်းအကွာအဝေးညီညာ၍ အပင်ဦးရေပြည့်ဝခြင်း။
  • ပျိုးပင် အတိမ်အနက်ညီညာခြင်း။
  • ကောက်ပင်လှန်ချိန်မြန်ဆန်ခြင်းနှင့် အပင်သန်စွမ်းမှုကောင်းခြင်း။
  • ပျိုးထောင်သည့်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း။
  • အချိန်ကုန်သက်သာခြင်း။
  • မျိုးစေ့နှုန်းထားကို သက်သာစေခြင်း။

ကောက်စိုက်စက်အသုံးပြုရန်အတွက် လိုအပ်ချက်များ

  • ကျွမ်းကျင်သော စက်မောင်းလုပ်သား လိုအပ်ခြင်း။
  • စက်ဝင်ရန် ခက်ခဲသောနေရာများတွင် စိုက်ပျိုးရန်မသင့်တော်ခြင်း။
  • စနစ်တကျပျိုးထောင်ပြီး ပျိုးခင်းပြုစုရန် လိုအပ်ခြင်း။
  • မစိုက်မီ ရေထုတ်ရန်လွယ်ကူသည့် စိုက်ကွက်ဖြစ်ရန်လိုအပ်ခြင်း။

စပါးစိုက်ပျိုးထုတ်လုပ်မှုစနစ်၌ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ဆောင်ရွက် ရာတွင် စက်ကိရိယာများ အစားထိုးအသုံးပြုမှုကြောင့် လုပ်ငန်းများ ပိုမို တွင်ကျယ်စွာ လုပ်ကိုင်လာနိုင်ပါမည်။ ရာသီဥတု ကန့်သတ်ချက်များကိုလည်း ကျော်လွှားနိုင်သည့်အတွက် ကောက်စိုက်ခြင်းလုပ်ငန်း အချိန်မီပြီးစီးစေရန်    ဆောင်ရွက်နိုင်ပါသည်။ လေလွင့်ဆုံးရှုံးမှုများ သက်သာလျော့နည်း လာစေသဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်မြင့်မားလာစေသည့်အပြင် တောင်သူ တစ်ဦးချင်း ဝင်ငွေ တိုးတက်လာစေနိုင်ပါသည်။ ထိုမှတဆင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရုံမျှမက နိုင်ငံခြားသို့တင်ပို့ရောင်းချနိုင်သဖြင့် ဝင်ငွေပိုမို ရရှိစေသဖြင့် နိုင်ငံတော်၏ စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက် လာစေသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည် ဖြစ်သည်။

၂၀၁၅ ခုနှစ်မှ စ၍ သီးနှံစိုက်ပျိုးရေးစနစ်ဌာနစုတွင် ကောက်စိုက်စက်အသုံးပြု၍ စပါးစိုက်ပျိုးခြင်းအတွက် သင့်တော်သော ပင်ကြားတန်းကြား၊ ပျိုးသက်၊ ပျိုးဘမ်းစပ်မြေအမျိုးအစား၊ စပ်မြေအချိုးစသော သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် မိုးရာသီ စမ်းသပ်တွေ့ရှိချက်အရ ပျိုးသက် (၁၈) ရက်သားတွင် စပ်မြေအဖြစ် နှုန်းမြေ၊ ဖွဲပြာနှင့် ဖွဲကြမ်းတို့ကို ၃း၂း၁ ဖြင့် ရောစပ်ပြီး ပင်ကြားတန်းကြားအကွာအဝေး ၁၂ x ၄ လက်မ ထားရှိ စိုက်ပျိုးခြင်းသည် အထွက်နှုန်းအကောင်းဆုံး ပေးစွမ်းနိုင်ကြောင်းတွေ့ရှိရပါသည်။

စီးပွားရေးတွက်ခြေကိုက်မှုရှိသည့် သီးနှံပုံစံများ

စဥ်သီးနှံပုံစံဆောင်ရွက်ခဲ့သည့်ခုနှစ်ရငွေ -ကုန်ငွေအချိုး
ပျဥ်းမနား
နှမ်း-စပါး၁၉၈၇ - ၁၉၈၈၂.၈၁
ပြောင်း-စပါး၁၉၈၇ - ၁၉၈၈၅.၄၁
မြေပဲ-စပါး၁၉၈၈-၁၉၈၉၂.၄၃
စပါး-ကုလားပဲ၁၉၈၈-၁၉၈၉၇.၁၇
စပါး-နေကြာ၁၉၈၈-၁၉၈၉၆.၇၅
ပဲတီစိမ်း-စပါး၁၉၉၀-၁၉၉၁၂.၇၀
စပါး-မတ်ပဲ၁၉၉၉-၂၀၀၀၁.၀၇
စပါး-မတ်ပဲ-နှမ်း၁၉၉၉-၂၀၀၀၁.၂၂
စပါး-မတ်ပဲ-ပဲတီစိမ်း၁၉၉၉-၂၀၀၀၁.၄၅
၁၀စပါး-ပြောင်း-သစ်စိမ်း၁၉၉၉-၂၀၀၀၁.၅၁
၁၁စပါး-ပဲလွမ်း-စပါး၁၉၉၉-၂၀၀၀၁.၇၂
၁၂စပါး-သစ်စိမ်း-စပါး၁၉၉၉-၂၀၀၀၁.၇၈
၁၃စပါး-စပါး-စပါး၁၉၉၉-၂၀၀၀၁.၂၉
၁၄စပါး-မတ်ပဲ၂၀၁၁၁.၈၇
၁၅စပါး-မတ်ပဲ-စပါး၂၀၁၁၁.၇၀
၁၆စပါး-စပါး၂၀၁၁၁.၅၀

စပါးအခြေခံ သီးနှံပုံစံတွင် သီးနှံတစ်မျိုးချင်းစီ၏ တစ်ဧက အထွက်နှုန်းနှင့် ရငွေ ကုန်ငွေ အချိုး

စဥ်သီးနှံပုံစံပထမသီးနှံအထွက်(တင်း/ဧက)ဒုတိယသီးနှံအထွက်(တင်း/ဧက)တတိယသီးနှံအထွက်(တင်း/ဧက)ရငွေ-ကုန်ငွေအချိုးဆောင်ရွက်ခဲ့သည့်ခုနှစ်
စပါး-မတ်ပဲ၅၄.၀၀၁.၅၀-၁.၀၇၁၉၉၉-၂၀၀၀
စပါး-မတ်ပဲ-နှမ်း၅၂.၀၀၂.၅၀၅.၅၀၁.၂၂
စပါး-မတ်ပဲ-ပဲတီစိမ်း၆၆.၀၀၂.၅၀၄.၂၅၁.၄၅
စပါး-ပြောင်း-သစ်စိမ်း၆၄.၀၀၆၅.၀၀-၁.၅၁
စပါး-ပဲလွမ်း-စပါး၆၂.၀၀၁၄.၀၀၈၈.၀၁.၇၂
စပါး-သစ်စိမ်း-စပါး၆၀.၀၀-၁၁၈.၀၀၁.၇၈
စပါး-စပါး-စပါး၅၈.၀၀၃၃.၀၀၉၆.၀၀၁.၂၉

ရေဆင်း၊ ပျဉ်းမနား ၊ လယ်ဝေး ဒေသများရှိ စပါးအခြေခံသီးနှံပုံစံ၏ အထွက်နှုန်းနှင့် ရငွေ-ကုန်ငွေ အချိုး

စဥ်သီးနှံပုံစံပထမသီးနှံအထွက်(တင်း/ဧက)ဒုတိယသီးနှံအထွက်(တင်း/ဧက)တတိယသီးနှံအထွက်(တင်း/ဧက)ရငွေ-ကုန်ငွေအချိုး
လယ်ဝေး
စပါး-မတ်ပဲ၉၅.၀၀၁၆.၀၀-၂.၂၄
ပျဥ်းမနား
စပါး-မတ်ပဲ၇၀.၀၀၁၆.၀၀-၁.၈၇
စပါး-မတ်ပဲ-စပါး၇၀.၀၀၁၆.၅၀၈၀.၀၀၁.၇၀
စပါး-စပါး၇၀.၀၀၈၀.၀၀-၁.၅၀

ဝင်ငွေ အကျိုးအမြတ်ရှိပြီး မြေဆီလွှာ အာဟာရကို ရေရှည် ထိန်းသိမ်းနိုင်မည့် သီးထပ်သီးနှံပုံစံများ

စဉ်သီးနှံပုံစံဆောင်ရွက်ခဲ့သည့်ခုနှစ်ရငွေ-ကုန်ငွေအချိုး
ရေဆင်း
စပါး-ပဲလွမ်း-စပါး၁၉၉၇ - ၂၀၀၀၂. ၁၅
စပါး-သစ်စိမ်း-စပါး၁၉၉၇ - ၂၀၀၀၂.၀၁
စပါး-ပြောင်း-သစ်စိမ်း၁၉၉၇ - ၂၀၀၀၁.၉၄
စပါး-မတ်ပဲ-ပဲတီစိမ်း၁၉၉၇ - ၂၀၀၀၁.၆၉
စပါး-မတ်ပဲ-နှမ်း၁၉၉၇ - ၂၀၀၀၁.၆၇
စပါး-မတ်ပဲ၁၉၉၇ - ၂၀၀၀၁.၆၃
စပါး-စပါး-စပါး၁၉၉၇ - ၂၀၀၀၁.၅၆

(၂) စပါးစိုက်နည်းစနစ်သုတေသန

(ဂ) ပျိုးသက်ငယ်ကောက်ကွက်ကြဲ စပါးစိုက်ပျိုးခြင်း သုတေသန (SRI)

မြန်မာနိုင်ငံတွင် စပါးကို ပျိုးထောင်ကောက်စိုက်စနစ် (Transplanted Rice – TPR)၊ အစိုတမန်းပြင် တိုက်ရိုက် စိုက်စနစ် (Wet Seeded Rice – WSR)၊ အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစိုက်စနစ် (Direct Seeded Rice – DSR) တို့ဖြင့် စိုက်ပျိုးကြ ပါသည်။ ပျိုးထောင်ကောက်စိုက်စနစ်တွင် အတန်းလိုက်စိုက်ခြင်း၊ ကျဘမ်းစိုက်ခြင်း တို့ကို အသုံးပြုကြပါသည်။ အစိုတမန်းပြင် တိုက်ရိုက် စိုက်စနစ်နှင့် အခြောက်ထယ်ရေး အခြောက် မျိုးစေ့ချစိုက်စနစ်တို့တွင် ကြဲပက်၍သော်လည်းကောင်း၊ အတန်းလိုက်မျိုးစေ့ချခြင်းဖြင့် သော်လည်းကောင်း စိုက်ပျိုးလေ့ရှိကြပါသည်။

မြန်မာနိုင်ငံတွင် System of Rice Intensification – SRI စနစ်ကို ၂၀၀၀ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၄ -၂၀၁၅ ခုနှစ် မိုးရာသီတွင် ဆင်းသုခစပါးမျိုးကိုအသုံးပြု၍ SRI စနစ်ကို တောင်သူသမားရိုးကျ (Conventional) စိုက်စနစ်ဖြင့် နှိုင်းယှဉ်စိုက်ပျိုးပြီး သုတေသနပြု လေ့လာခဲ့ပါသည်။

SRI စနစ်တွင် မျိုးစေ့နှုန်း တစ်ဧကလျှင် (၁၂) ဘူးနှုန်းအသုံးပြုပြီး ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်ခဲ့ပါသည်။ ပျိုးသက် (၈) ရက်သားတွင် ပင်ကြားတန်းကြားအကွာအဝေး ၁၀” x ၁၀” ခြား၍ စိုက်ကျင်းတစ်ကျင်းတွင် ပျိုးပင်တစ်ပင်စီ ရွှေ့ပြောင်းစိုက်ပျိုးခဲ့ပါသည်။ သမားရိုးကျ စိုက်စနစ်တွင် မျိုးစေ့နှုန်း တစ်ဧကလျှင် (၁.၅) တင်းနှုန်းအသုံးပြုပြီး ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်ခဲ့ပါသည်။ ပျိုးသက် (၂၀) ရက်သားတွင် ပင်ကြားတန်းကြား အကွာအဝေး ၈” x ၆” ခြား၍ စိုက်ကျင်းတစ်ကျင်းတွင် ပျိုးပင်တစ်ပင်စီ ရွှေ့ပြောင်း စိုက်ပျိုးခဲ့ ပါသည်။
တွေ့ရှိချက်အရ SRI စနစ်မှ တစ်ဧကအထွက်နှုန်း (၁၀၅.၈၃) တင်းရရှိပြီး Conventional စိုက်စနစ်မှ (၈၁.၈၈) တင်းရရှိခဲ့ပါသည်။ SRI စနစ်ဖြင့်စိုက်ပျိုးခြင်းတွင် အထွက်နှုန်းကောင်းရခြင်းမှာ တစ်နှံပါအောင်စေ့များခြင်း၊ အောင်နှံများခြင်းနှင့် အောင်စေ့ ရာခိုင်နှုန်း ပိုမိုခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့အပြင် SRI စနစ်ဖြင့် စိုက်ပျိုးခြင်းသည် Conventional စိုက်စနစ်ဖြင့်စိုက်ပျိုးခြင်းထက် တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၂.၅) ပြည် သက်သာကြောင်း တွေ့ရှိရပါသည်။

() စပါးစိုက်ပျိုးနည်းစနစ်သုတေသန

စပါးစိုက်ပျိုးရာတွင် ပျိုးထောင်ကောက်စိုက်စနစ်အပြင် အစိုတမန်းပြင်၌ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးခြင်း၊ အစိုတမန်းပြင်၌ စပါးတိုက်ရိုက်ကြဲပက် စိုက်ပျိုးခြင်း နည်းစနစ် များကိုအသုံးပြုနိုင်သည်။ စပါးပျိုးထောင် ကောက်စိုက်စနစ်အတွက် နည်းပညာ နှင့် တိုက်ရိုက်မျိုးစေ့ချ စနစ်အတွက် နည်းပညာ ဆိုင်ရာစမ်းသပ်ဖော်ထုတ်မှုများ ကို ရေဆင်းအပါအဝင် နယ် သုတေသနခြံများ၌ ဆောင်ရွက်ခဲ့ရာ အစိုတမန်းတွင် တိုက်ရိုက် မျိုးစေ့ချသောစနစ်ကို  ၁၉၇၉-၁၉၈၀ ခုနှစ်မှစတင်ကာ ရေဆင်း (သီးနှံစိုက်ပျိုးရေးစနစ်) အပါအဝင် နယ်သီးထပ် သီးနှံပုံစံစခန်းများစွာ၌ စမ်းသပ်အောင်မြင်ခဲ့ပြီး ၁၉၉၂-၁၉၉၃ခုနှစ်မှစတင်ကာ နွေစပါး စိုက်ပျိုးသော မြို့နယ် အသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြု လျက်ရှိပါသည်။

စပါးစိုက်ပျိုးရာတွင် ပျိုးထောင်ကောက်စိုက်ခြင်းမပြုပဲ မျိုးစေ့အား တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရာတွင် အခြောက်ထယ်ရေး တွင် ဖြစ်စေ၊ အစိုတမန်းပြင်ပေါ်တွင်ဖြစ်စေ စိုက်ပျိုးနိုင်ပြီး ကြဲပက်၍လည်းကောင်း၊ လက်ဖြူးချ၍ လည်းကောင်း၊ မျိုးစေ့ချကိရိယာအား အသုံးပြု၍ လည်းကောင်း ဆောင်ရွက်နိုင်သည်။

တိုက်ရိုက်မျိုးစေ့ချခြင်းဖြင်‌့ ပျိုးထောင်ကောက်စိုက်စရိတ် သက်သာခြင်း၊ ကောက်စိုက် လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ခြင်း၊ စိုက်ချိန်စော၍ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒုတိယသီးနှံကို အချိန်မီ စိုက်ပျိုးနိုင်ခြင်း၊ ရေကို ပိုမို အကျိုးရှိစွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ဤနည်းစနစ်များကို ၁၉၇၉-၈၀ ခုနှစ်မှ စတင်၍ ရေဆင်း(သီးနှံစိုက်ပျိုးရေးစနစ်ဌာနစု) အပါအဝင် နယ်သီးထပ်သီးနှံပုံစံ သုတေသနစခန်းများစွာ၌ စမ်းသပ်အောင်မြင်ခဲ့ပြီး အစိုတမန်းတွင် တိုက်ရိုက်မျိုးစေ့ချသောစနစ်ကို  ၁၉၉၂-၉၃ ခုနှစ်မှ စတင်ကာ နွေစပါးစိုက်ပျိုးသော မြို့နယ် အသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါသည်။ အခြောက်ထယ်ရေးတွင် မျိုးစေ့ချခြင်း စနစ်ကို ရေနက်ကွင်းဒေသများ၊ မြန်မာပြည်အထက်ပိုင်း မိုးရေမသေချာသော ဒေသများနှင့် ရှမ်းပြည်နယ် ပင်းတယ မြို့နယ်နှင့် ကလောမြို့နယ်တို့တွင် စိုက်ပျိုးအောင်မြင် လျက်ရှိပါသည်။

ယခုအခါတွင် ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ မိုးရွာသွန်းမှု ပုံစံမမှန်ခြင်း၊ မုတ်သုံဝင်ချိန် မမှန်ခြင်း၊ စိုက်ပျိုးရေရှားပါးခြင်း၊ စပါးစိုက်ပျိုးရန် ဆည်ရေ အချိန်မီ မရရှိခြင်း၊ ကောက်စိုက်လုပ်သားရှားပါးခြင်း စသည့် အချက်များက နွေရာသီတွင်သာမက မိုးရာသီတွင်ပါ စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရန် တွန်းအားပေးလျက်ရှိပါသည်။ ထို့ကြောင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေမည့် စပါးစိုက်နည်းစနစ်များကို ထပ်မံသုတေသနပြု ဖော်ထုတ်ရန် လိုအပ်ပါသော ကြောင့် သီးနှံစိုက်ပျိုးရေးစနစ်ဌာနစုတွင် SRI စိုက်နည်းစနစ်များ အပါအဝင် ရွှေ့ပြောင်းစိုက်ပျိုးခြင်း (TPR) ၊ ကြဲပက်စိုက်ပျိုး ခြင်း (Wet Seeded Broadcast – WSB)၊ လက်ဖြူးချစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့်  စိုက်ပျိုးခြင်း (WSR) ဟူ၍ စိုက်နည်းစနစ်များကို စမ်းသပ်လျှက်ရှိပါသည်။

 () စပါးပေါင်းမြက်သုတေသန

ပေါင်းပြဿနာကြောင့် စပါးအထွက်ဆုံးရှုံးမှုသည် ၃၀% ခန့်အထိရှိပါသည်။ ထို့ကြောင့် စပါးပေါင်းမြက်သုတေသနလုပ်ငန်းများကို သီးနှံစိုက်ပျိုးရေးစနစ်ဌာနစုတွင် ဆောင်ရွက်လျက် ရှိပါသည်။ ဆောင်ရွက်ခဲ့သော စပါးပေါင်းမြက် သုတေသနများမှာ စပါးသက်တမ်းအလိုက် ပေါင်းနှိမ်သည့် အကြိမ်စမ်းသပ်ခြင်း၊ စပါးတွင်ပေါင်းကင်းစင်ရမည့် ကာလကို ရှာဖွေခြင်း၊ စပါးမျိုးနှင့် ပေါင်းမြက် ယှဉ်ပြိုင်နိုင်မှု၊ ပေါင်းနှိမ်နင်းနည်းစနစ်၊ ပေါင်းသတ်ဆေးသုံးစွဲနည်း၊ စပါးခင်းတွင် နိုက်ထရိုဂျင်နှင့် ပေါင်းမြက်ယှဉ်ပြိုင်နိုင်မှု စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် ပြောင်းလဲလာသော ရာသီဥတုအရ စိုက်ပျိုးရေ ရှားပါးခြင်း၊ စိုက်ပျိုးချိန်တွင် စိုက်ပျိုးရေ အလုံအလောက်မရရှိခြင်းကြောင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်တို့ကို အသုံးများလာသည်နှင့် အမျှ ပေါင်းပြဿနာသည် ပို၍ အရေးကြီးလာပါသည်။ စပါးတိုက်ရိုက်မျိုးစေ့ စိုက်ပျိုးနည်းစနစ်၏ အဓိက ပြဿနာမှာ ပေါင်းမြက်ထူပြောစွာ ပေါက်ရောက်စေနိုင်မှု ဖြစ်ပါသည်။ ပေါင်းမြက်ပေါက်ရောက်မှု ကာကွယ်နှိမ်နင်းရာတွင် လက်ပေါင်းလိုက်ခြင်း၊ ပေါင်းလိုက်ကိရိယာ တို့ကို အသုံးပြုခြင်း စသော (Cultural Control) စိုက်ရေးပျိုးရေးနည်းစနစ်များဖြင့် ကာကွယ်ရုံသာမက ပေါင်းသတ်ဆေးအသုံးပြုခြင်း (Chemical Control)  (ဓာတုဆေးများ အသုံးပြု၍ နှိမ်နင်းခြင်း) ကိုပါ တွဲဖက်လုပ်ဆောင်လျင် ပိုမိုထိရောက်ပါသည်။ ထို့ကြောင့် စပါးခင်းတွင် အသုံးပြုရန် သင့်တော်သော ပေါင်းသတ်ဆေးများနှင့် အသုံးပြုနည်းများကို သိရှိရန် အတွက် ဈေးကွက်တွင် အသင့်ရှိပြီးသော ပေါင်းသတ်ဆေးများ ၊ အသစ်ထပ်မံထုတ်ဝေမည့် ပေါင်းသတ်ဆေးများ စမ်းသပ်ခြင်း သုတေသနများကို လည်း ဆောင်ရွက်ပါသည်။

ယနေ့ခေတ်တွင် လုပ်သားရှားပါးလာမှု၊ မိုးရေချိန်နည်းပါးလာမှု၊ မိုးရွာသွန်းမှုပုံစံမမှန်မှု၊ သွင်းရေ အလုံအလောက်မရရှိမှုတို့ကြောင့် ပျိုးထောင်ကောက်စိုက်စနစ်ထက် အခြောက်ထယ်ရေး တွင် စပါးမျိုးစေ့ကို အခြောက်အစေ့ချစိုက်ပျိုးခြင်းသည် အရေးပါလာခဲ့ပါသည်။ အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစိုက်စနစ်တွင် ပေါင်းပြဿနာသည် ပျိုးထောင်ကောက်စိုက်နည်းစနစ်ထက် ပို၍ အရေးပါသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ သီးနှံစိုက်ပျိုးရေးစနစ် ဌာနစုတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မိုးရာသီများတွင် ဆင်းသွယ်လတ် စပါးမျိုးကို အသုံးပြု၍ အခြောက်ထယ်ရေး၊ အခြောက်မျိုးစေ့ချစပါးစိုက်စနစ်တွင် သင့်လျော်သည့် ပေါင်းနှိမ်နင်းနည်းစနစ်ကို လေ့လာခြင်း သုတေသနကို (၃) ရာသီ စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။

တွေ့ရှိချက်များအရ ပေါင်းပေါက်ပြီးမှ (Post-emergence) ပေါင်းသတ်ဆေးဖြန်းခြင်း + စပါးပင် (၄၅) ရက်သားတွင် လက်ပေါင်းလိုက်ခြင်း စမ်းသပ်ချက်သည် ပျမ်းမျှအားဖြင့် အထွက် အကောင်းဆုံး (၅၇.၅ တင်း/ ဧက) ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းစမ်းသပ်ချက်သည် ပျမ်းမျှအားဖြင့် ထိရောက်သည့် ပေါင်းနှိမ်နင်းမှု ရာခိုင်နှုန်း   (Weed Control Efficiency) တွင် အများဆုံး (၆၀.၄၄ %) ရှိပြီး ပျမ်းမျှ ပေါင်းအခြောက် အလေးချိန်တွင်လည်း အနည်းဆုံး ဖြစ်သည့် အတွက် တစ်ဧက အထွက်နှုန်း ကောင်းရခြင်း ဖြစ်ကြောင်း သုံးသပ်ရပါသည်။

() စပါးမျိုသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း

မျိုးသန့်စင်မှု အဆင့်အရ စပါးမျိုးများကို အဆင့်သတ်မှတ်ရာတွင် –

  • မိဘမျိုးစေ့ (Breeder Seed – BS)
  • ဆင့်ပွားမျိုးစေ့ (Foundation Seed – FS)
  • မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed – RS)
  • စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Certified Seed – CS) ဟူ၍ အဆင်‌့ (၄) ဆင့်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆန်စပါးဌာနစုမှ မိဘမျိုးစေ့ (BS)ကို ပွားများပြီး ၎င်း (BS) မျိုးစေ့ကို အသုံးပြုကာ ဆင့်ပွားမျိုးစေ့ (FS) စိုက်ပျိုးထုတ်လုပ်ခြင်း ကို သီးနှံစိုက်ပျိုးရေးစနစ်ဌာနစု မှ ဆောင်ရွက်ပါသည်။ ရရှိလာသော (FS) မျိုးစေ့မှ (RS) ၊ တစ်ဖန် (RS) မျိုးစေ့မှ (CS) မျိုးစေ့များ တစ်ဆက်တည်းစိုက်ပျိုးပွားများခြင်းကိုလည်း ဆောင်ရွက်ပါသည်။

မျိုးသန့်ထုတ်လုပ်မည်‌့စိုက်ကွက်တွင် ကျွမ်းကျင်လုပ်သား အသုံးပြု၍ မျိုးကွဲပယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ စပါးသီးနှံတစ်ရာသီတွင် ယေဘုယျအားြဖင်‌့ (၃) ကြိမ် မျိုးကွဲပယ်ရန်လိုအပ်ပါသည်။ စပါးပင် ပင်ပွားစုံချိန်ကာလ၊ ပန်းပွင့်စုံချိန်ကာလ နှင့် ရင့်မှည့်ချိန် ကာလတို့ဖြစ်ပါသည်။ ကျွမ်းကျင်လုပ်သားအသုံးပြု၍ မျိုးကွဲပယ်ခြင်း ပြုလုပ်ရသည့်အပြင် မျိုးသန့်မျိုးစေ့များ ပွားများထုတ်လုပ်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ် (၄) ခုကို ဆောင်ရွက်ရပါသည်။</p>

  • ကွင်းဆင်းစစ်ဆေးခြင်း (Field inspection)
  • မျိုးစေ့နမူနာယူခြင်း (Seed Sampling)
  • မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း (Seed Testing)
  • မျိုးစေ့ထောက်ခံချက်ပေးခြင်း (Seed Certification)

စပါးမျိုးသန့်ပွားများခြင်းကို နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ပွာများပါသည်။ ထိုသို့ ပွားများရာတွင် ရွှေသွယ်ရင်၊ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ မှော်ဘီ-၂၊ သီးထပ်ရင်၊ ရတနာတိုး၊ ဆင်းသွယ်လတ် စသော မျိုးများကို မျိုးစေ့ခြံများ၏ လိုအပ်ချက်အရ စိုက်ပျိုးထုတ်လုပ်၊ ဖြန့်ဝေပေးရပါသည်။ လိုအပ်သော စပါးမျိုးအလိုက် နှင့် အရေအတွက်ကို မျိုးစေ့ခြံများမှ တစ်နှစ်ကြိုတင်၍ စာရင်းပေးရပါသည်။ ၎င်းမျိုးစေ့ တောင်းခံချက်များအပေါ်မူတည်၍ စိုက်ပျိုးပွားများရမည့် စပါးမျိုးနှင့် ဧကကို သတ်မှတ် စိုက်ပျိုးထုတ်လုပ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.