Want create site? Find Free WordPress Themes and plugins.

စိုက်ပျိုးရေးအင်ဂျင်နီယာသုတေသန

လယ်ယာသုံးစက်ကိရိယာသုတေသနလုပ်ငန်းများကို ၁၉၇၉ ခုနှစ်မှစတင်၍ စိုက်ပျိုးရေး သုတေသနဌာန၊ ရေဆင်းတွင်လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ၁၉၈၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နှင့်ပူပေါင်း၍ အသေးစားလယ်ယာသုံးကိရိယာ သုတေသနစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ယခုအခါယခင်ထုတ်လုပ်ခဲ့သော လယ်ယာသုံးကိရိယာများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ

Multi-purpose seeder နှင့် Drum Seeder အား အသုံးပြု၍ စပါးအစုလိုက် မျိုးစေ့ကျစေရန် စမ်းသပ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။

ထုတ်လုပ်ပြီးကိရိယာများ

စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ကို ၁၉၈၆ ခုနှစ်တွင်ပြုလုပ်ခဲ့ပါသည်။ စပါး ကြားပေါင်းလိုက်ကိရိယာ (Intercultivator) ကို ၁၉၈၆ တွင်ပြုလုပ်ခဲ့ပါသည်။ ယာသီးနှံ ကြောင်းဖော်ကိရိယာနှင့်ယာသီးနှံ ကြားပေါင်းလိုက်ကိရိယာကို ၁၉၈၆ ခုနှစ်တွင် ထုတ်လုပ် ခဲ့ပါသည်။ လက်တွန်းထွန်စက်သုံး စက်တုံးနှင့် ပါဝါတေလာသုံးလပ်ဝှီးကို ၂၀၀၀ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပါသည်။

စပါးသီးနှံများ ရိတ်သိမ်းပြီး ချွေလှေ့ရာတွင် ပိုမိုအကျိုးရှိစွာအသုံးပြုနိုင်ရန် မူလချွေလှေ့ စက်အား ပြန်လည်မွမ်းမံဖြည့်ဆည်း၍ Kato modified thresher ကို ၁၉၉၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပါသည်။

Did you find apk for android? You can find new Free Android Games and apps.