Want create site? Find Free WordPress Themes and plugins.

အပင်ရောဂါဌာနစု

၁၉၅၄ ခုနှစ်၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေး သုတေသနဗိမာန် တည် ထောင်စဉ်ကတည်းက ရုက္ခရောဂါကု ဌာနစိပ်တစ်ခုအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ၁၉၇၁ ခုနှစ် တွင် ရေဆင်းဗဟိုစိုက်ပျိုးရေးသုတေသနသို့ ပြောင်းရွေ့ ခဲ့ပါသည်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ရောဂါဌာနစုအဖြစ် ပြင် ဆင်ဖွဲ့စည်းခဲ့ပါသည်။ သီးနှံအလိုက်၊ ရောဂါအလိုက် ရောဂါဖြစ်ကြောင်းများ (မှို၊ ဘက်တီး ရီးယား)ကိုထိုးသွင်း၍ သီးနှံများ၏ခံနိုင်ရည်ရှိမှုဖော်ထုတ်ခြင်းစိုက်ပျိုးနည်းစနစ်များ၊ ဓာတု ဆေးများ ၊ အကျိုးပြုအဏုဇီ၀သက်ရှိများဖြင့် ဘက်စုံရောဂါကာကွယ်နှိမ်နင်းခြင်းသို့ ဦးတည် ၍ သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။ သုတေသနပြုခြင်းမှရရှိလာသော ရလဒ်များကို ဝန်ထမ်းများနှင့် တောင်သူများသို့ သင်တန်းများပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ တောင်သူလယ်သမားရုပ်သံမှ ထုတ်လွှင့်ပြသခြင်းများဖြင့် နည်းပညာ ပြန့်ပွား စေရန် ဆောင်ရွက်လျက် ရှိပါသည်။

ရည်ရွယ်ချက်

၁။ သီးနှံအလိုက်၊ ရောဂါအလိုက် ခံနိုင်ရည်ရှိသော မျိုးများရရှိရန်
၂။ သီးနှံပင်များတွင် အပင်ရောဂါကျရောက်မှုကြောင့် သီးနှံအထွက်နှင့် အရည်အသွေးများ မထိခိုက်စေရန်အတွက် ကာကွယ်ဟန့်တားနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ပေးရန်
၃။ အကျိုးပြုအဏုဇီဝသက်ရှိများ၏ စွမ်းအားဖြင့် အပင်ရောဂါကျရောက်မှုကြောင့် သီးနှံအထွက်နှင့် အရည်အသွေးများ မထိခိုက်စေရန်အတွက် ကာကွယ် ဟန့်တားနိုင်မည့်နည်းလမ် များ ဖော်ထုတ်ပေးရန်
၄။ နည်းပညာဖြန့်ဝေပေးရန်

Did you find apk for android? You can find new Free Android Games and apps.