Want create site? Find Free WordPress Themes and plugins.

နောက်ခံသမိုင်း

  • ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၌ အင်းစိန် မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေးသုတေသန ဗိမာန် အမည်ဖြင့် စတင်တည်ထောင်ခဲ့ပါ သည်။
  • ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန့်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ဌာနခွဲ တစ်ခုအဖြစ် ထားရှိရာမှ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၇) ရက် နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အဖြစ် သီးခြားဖွဲ့စည်းခဲ့ ပါသည်။
  • ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ မှစ၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဦးစီး ဌာန ဖြစ်လာခဲ့ပါသည်။
  • ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၌ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင် စိုက်ပျိုးရေး သုတေသနဗိမာန်အား ဌာနခွဲ (၅)ခု-(၁) အုပ်ချုပ်ရေးဌာနခွဲ၊ (၂) စိုက်ပျိုးရေးဌာနခွဲ၊ (၃) စိုက်ပျိုးရေးဓာတုဗေဒ ဌာနခွဲ၊ (၄) ပိုးမွှား ဌာနခွဲနှင့် (၅) အပင်ရောဂါ ဌာနခွဲ တို့ဖြင့် အရာ ထမ်း (၁၆) ဦးနှင့် အမှုထမ်း (၉၉)ဦးတို့ပါဝင် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
  • ဆန်စပါး သုတေသနလုပ်ငန်းများကို သီးနှံဌာန စိတ်မှ ပြည်တွင်း ပြည်ပ စပါးမျိုးများ ယှဉ်ပြိုင်ခြင်းနှင့် စိုက်ပျိုး နည်းစနစ်ဆိုင်ရာစမ်းသပ်မှု များကိုလည်းကောင်း၊ ရုက္ခ ဗေဒဌာနစိတ်မှ စပါး မျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။
  • ရာကျော်-၁၊ ရာကျော်-၂ နှင့် စီ၄-၆၃ စပါးမျိုးများသည် ထိုကာလ၏ သုတေသနရလာဒ် ပင် ဖြစ်သည်။
  • စပါးသီးနှံများကိုသာ ဆောင်ရွက်နိုင်ခဲ့ရာမှ ယာသီးနှံအပါအဝင် သီးနှံစုံသုတေသန လုပ်ငန်း များကို လည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်း၊ ပျဉ်းမနား မြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • ဆန်စပါးသုတေသနလုပ်ငန်းများမှာ မျိုးကူးစပ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များစမ်းသပ်ခြင်း၊ ပြည်တွင်း စပါးမျိုးများစုဆောင်းခြင်း နှင့် အခြေခံမျိုးအဆင့် (၁) ပွားများခြင်း လုပ်ငန်းများ ပါဝင် ပါသည်။
  • ၁၉၇၀ ခုနှစ်ခန့်တွင် ကြို့ကုန်းတွင်မျိုးစပ်၍ရရှိခဲ့သော သားစပ်လိုင်းများကို ဆက်လက် ရွေးချယ် မှုများပြုလုပ်ခဲ့ရာ ရွှေဝါထွန်းနှင့် စိန်တလေးစပါးမျိုးရရှိခဲ့ပြီး စတင်ထုတ်ဝေ နိုင်ခဲ့ ပါသည်။
  • မျိုးစေ့ဘဏ် မတည်ထောင်မီ စုဆောင်းခဲ့သော ပြည်တွင်းမျိုးများအား နှစ်စဉ်ကွင်းတွင် ထိန်းသိမ်းခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် မျိုးစေ့ဘဏ်သို့ လွဲပြောင်းပေးခဲ့ပါသည်။

မျှော်မှန်းချက်

  • စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် အထောက်အကူပြုသည့် အဆင့်မြင့်သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဟာရပြည့်ဝစေမည့် သီးနှံမျိုးများနှင့် စိုက်ပျိုး နည်းစနစ်များကို စွန့်ဦးတီထွင် ဆောင်ရွက်သွားရန်။

တာ၀န်

  • စပါးနှင့် အခြားနှံစားသီးနှံများ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    စက်မှုကုန်ကြမ်း၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    မြေဆီလွှာ နှင့် ရေအသုံးချရေး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    လယ်ယာသုံးစက် နှင့် ကိရိယာများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    သီးနှံစိုက်စနစ်များနှင့်လယ်ယာစီးပွားဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    ဇီဝနည်းပညာရပ်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    မျိုးစေ့ဘဏ်ရှိ မျိုးဗီဇကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်။
    သီးနှံပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်။

ရည်ရွယ်ချက်

  • အထွက်ကောင်း၍ အရည်အသွေးမြင့်မားသော မျိုးသစ်များမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးရန်။
    သီးနှံအလိုက်၊ ဒေသအလိုက်အကျိုးအမြတ်အများဆုံးရရှိမည့် စိုက်ပျိုး နည်းစနစ်များနှင့် သီးနှံပုံစံ များကို သုတေသနပြုဖော်ထုတ်ရန်နှင့် သုတေသနပြုလုပ်ရရှိလာသောမျိုးများနှင့် နည်းပညာများကို စိုက်ပျိုး သူများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်။
    ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် လိုက်လျော ညီထွေရှိမည့် မျိုး၊ စိုက်စနစ်များနှင့် သီးနှံပုံစံများ သုတေသနပြုဖော်ထုတ်ရန်။
    အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများနှင့် အပင်ဇီဝနည်းပညာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်ရန်။
    တောင်သူလယ်သမား ရုပ်သံလိုင်း (Farmer Channel) ရိုက်ကူး ထုတ်လွှင့်မှုအတွက် လိုအပ်ချက်များ တိုးချဲ့ဆောင်ရွက်ရန်။

တည်နေရာ

ပျဉ်းမနားမြို့၏ မြောက်ဘက် (၁၂) မိုင်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ်၊ ၁ စက္ကန့်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၇ စက္ကန့်၊ ရန်ကုန် မန္တလေးကားလမ်း၏ အရှေ့ဘက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၉၇ မီတာအမြင့်တွင် တည်ရှိပါသည်။

ရာသီဥတု

၂ဝ၁၆ ခုနှစ်အတွင်းစုစုပေါင်းမိုးရေချိန် ၃၇.၅၁ လက်မရွာသွန်းခဲ့ပြီး မိုးရွာရက်(၈ဝ) ရက်ရှိပါသည်။ မိုးရွာ သွန်းသောလမှာ(၈) လဖြစ်ပါသည်။ ယခင်နှစ် ၂ဝ၁၅ ခုနှစ်ထက် မိုးရွာရက် (၅) ရက်ပိုများသော်လည်း မိုးရေချိန် ၇.ဝ၇ လက်မပိုနည်းသွားခဲ့ပါသည်။

အကျယ်အဝန်း

ဧရိယာအကျယ်အဝန်းမှာ ၁၀၂၈ ဒဿမ ၈ ဧကဖြစ်ပြီး၊ စိုက်ပျိုးနိုင်သော ဧရိယာမှာ ၅၇၄ ဒဿမ ၅၁ ဧကဖြစ်ပြီး မစိုက်ပျိုးနိုင်သော ဧရိယာမှာ ၄၅၃ ဒဿမ ၇၇ ဧကဖြစ်ပါသည်။

ဌာနခွဲ နှင့် ဌာနစုများ

  • စပါးသီးနှံဌာနစု
  • စပ်မျိုးစပါးဌာနစု
  • အခြားနှံစားသီးနှံဌာနစု
  • ဆီထွက်သီးနှံဌာနစု
  • ပဲမျိုးစုံသီးနှံဌာနစု
  • စက်မှုကုန်ကြမ်းသီးနှံဌာနစု
  • ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစု
  • ဇီဝနည်းပညာဌာနစု
  • မျိုးစေ့ဘဏ်ဌာနစု
  • ပိုးမွားဌာနစု
  • အပင်ရောဂါဌာနစု
  • မြေဆီလွာဌာနစု
  • ရေအသုံးချရေးဌာနစု
  • စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစု
  • သီးနှံစိုက်ပျိုးရေးစနစ်သုတေသနဌာနစု
  • စိုက်ပျိုးရေးလယ်ယာစီးပွားသုတေသနဌာနစု
  • စိုက်ပျိုးရေးစာရင်းအင်းသုတေသနဌာနစု
  • စီမံခန့်ခွဲရေးဌာနစု
  • ငွေစာရင်းဌာနစု
  • ပြည်ပဆက်သွယ်ရေးနှင့်စီမံကိန်းလုပ်ငန်းဌာနစု
  • ဒေသသုတေသနဌာနစု

သီးနှံဗဟိုသုတေသနခြံ နှင့် နယ်ဒေသသုတေသနခြံများ

စဉ်ခြံအမည်အထူးပြုသီးနှံ
လက်ပံတန်းစပါးသီးနှံ
မကွေးဆီထွက်သီးနှံ
ညောင်ဦးအပူပိုင်းဒေသသီးနှံ
မြစ်သားဝါသီးနှံ
ကင်ပွန်းတောင်ကြံသီးနှံ
မြောင်းမြဂုန်လျော်၊ စပါးသီးနှံ
ထုံးဘိုဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ
မိုးညှင်းစပါးသီးနှံ
ပန်းကုန်းဂျုံ၊ ကုလားပဲ
၁၀ဇလုပ်ဂျုံ၊ ကုလားပဲ
၁၁ကျောက်ဆည်စပါး
၁၂ကျောက်တံတားစပါး
၁၃မြင်းခြံပဲစဉ်းငုံ၊ နှံစားပြောင်း၊ ပဲတီစိမ်း
၁၄တပ်ကုန်းပြောင်း၊ နေကြာ
၁၅အောင်ပန်းပြောင်း၊ ဂျုံ၊ ပဲပုပ်၊ ကုန်းမြင့်စပါးသီးနှံ
၁၆ကျောက်မဲစပါး၊ ပြောင်း
၁၇လွိုင်ကော်စပါး၊ ပြောင်း
၁၈သဲကုန်းစပါး
၁၉တာယောစပါး
၂၀နောင်မွန်ပြောင်း၊ ဂျုံ၊ ပဲပုပ်၊ စပါး
၂၁ကျိုင်းတုံစပါး
၂၁စီပင်စပါး၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပြောင်း
၂၃ထားဝယ် (၇) မိုင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ
၂၄အဇင်း (၂)ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ
 
 
Did you find apk for android? You can find new Free Android Games and apps.